မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရော်ဘာနီကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

3_pic013_pic02

(၂-၁၁-၂၀၁၆) ရက်နေ့၊ (၂၃:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု၊ ရော်ဘာနီကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ Family kit အမျိုး (၂၀) ပါ (၂) အိတ်၊ ပလပ်စတစ်ရေပုံး (အဖုံးပါ) (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တိတိနှင့် ဆန်၃ရက်စာဖိုးငွေ (၃၆၀၀) ကျပ်တိတိအား မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက (၃-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events