(၂-၁၁-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း SEEDS ASIA ဂျပန်တို့ပူးပေါင်း၍ ဖျာပုံမြို့၊ သီရီအဏ္ဏဝါခန်းမ၌ ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းနှင့် ရာသီဥတု ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ Workshop အား ကျင်းပခဲ့ရာ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး SEEDS ASIA မှ Project Manager Shigehiro Shibata က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ (၄) မြို့နယ်မှ ဌာနဆိုင်ရာများနှင့် လူဦးရေ (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)