မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အလမန်းကျောင်းစုကျေးရွာအုပ်စု၊ အလမန်းချောင်းတွင်းကျေးရွာတွင် (၁-၁၁-၂၀၁၆)ရက်နေ့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၅၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၃)အိမ်ထောင်စာနှင့် ဘေးသင့်လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ ကျသင့်ငွေ (၇,၂၀၀/-)ကျပ်၊ စုစုပေါင်းငွေ (၁၅၇,၂၀၀/-)ကျပ်အား (၃-၁၁-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)