မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကဒေါင်းကြီးကျေးရွာတွင် နေထိုင်သူ ဦးဝင်းမောင်သည် (၂-၁၁-၂၀၁၆) ရက်နေ့တွင် ဒေါင်းနေချောင်း၏တစ်ဘက်ရှိ ဂျုတ်ကုန်းကျေးရွာဘက်သို့သွားစဉ် ဒေါင်းနေချောင်းအတွင်း ရေမျောပါသေဆုံးခဲ့သဖြင့် အဆိုပါသေဆုံးသူ၏ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၃-၁၁-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)