(၂-၁၁-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၆) ရက်နေ့ ၊ ညနေ (၄) နာရီအချိန်တွင် ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စုမြောက်ပိုင်း အ.ထ.က ကျောင်းအနီးနေ ဒေါ်အုန်းမြင့် နေအိမ် ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးနေအိမ်သည် မီးကျွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု လူဦးရေ (၁) ဦး မီးဘေး ဒုက္ခနှင့် ကြုံတွေ့ခဲ့ပါသည်။ ထိုမီးဘေးအတွက် သထုံခရိုင်ဦးစီးမှူးရုံးမှ အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တန်ဖိုး (၂၂၀၆၆/-) ကျပ်၊ ဆန် (၃) ရက်စာ (၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း တန်ဖိုး (၁၂၂,၉၆၆/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)