Author Archives: RRD

  • ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာ၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း

    ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာရှိ ပြည်သူများ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၀-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများမှ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၂၂၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပန်းဘဲ(မ)ကျေးရွာ၌ (၁၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀)၊ ဆန်ရိက္ခာဖိုး (၂၇၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) နှင့် ကဆရပစ္စည်း (၉) မျိုးနှင့် ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၁၅-၁၂-၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမျိုးမင်းဌေး (ဒုဦးစီးမှူး) ထံသို့ ထုတ်ပေးထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

    ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့ကမ္ဘောဇရှမ်းကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၁) စုမှ လူဦးရေ (၁၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅၁) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၄၁၃၀၀/-) ကျပ်တိတိကို ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသော မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (IOM) အဖွဲ့အစည်းနှင့် မိုး/ဇလဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၁၄-၁၂-၂၀၁၆) မှ (၁၆-၁၂-၂၀၁၆) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ ဦးရေ (၂၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိ ရပါ သည်။ အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဌာနအသီးသီးရှိ တာဝန်ရှိသူများမှ ၄င်းတို့ သက်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီမြို့ရှိ လူမှုအဖွဲ့အစည်းများ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသအတွင်း ကြည့်ရှုလေ့လာမှုသတင်း

    နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးလျက် ပြည်သူများ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်သော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများတက်ရောက်ကြပါသည်။ ထို့နောက်တက်ရောက်လာကြသူများက … Read more

Sign Up

Upcoming Events