ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာရှိ ပြည်သူများ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၀-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများမှ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။
အသိပညာပေးဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၂၂၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)