မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပန်းဘဲ(မ)ကျေးရွာ၌ (၁၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀)၊ ဆန်ရိက္ခာဖိုး (၂၇၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) နှင့် ကဆရပစ္စည်း (၉) မျိုးနှင့် ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၁၅-၁၂-၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမျိုးမင်းဌေး (ဒုဦးစီးမှူး) ထံသို့ ထုတ်ပေးထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)