ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသော မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (IOM) အဖွဲ့အစည်းနှင့် မိုး/ဇလဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၁၄-၁၂-၂၀၁၆) မှ (၁၆-၁၂-၂၀၁၆) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ ဦးရေ (၂၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိ ရပါ သည်။ အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဌာနအသီးသီးရှိ တာဝန်ရှိသူများမှ ၄င်းတို့ သက်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)