ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၁-၁၂-၂၀၁၆) ရက်နေ့မှ (၂၃-၁၂-၂၀၁၆) ရက်နေ့အထိဖွင့် လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် မွမ်းမံသင်တန်း(၁/၂၀၁၆) မှ သင်တန်းသား (၄၀) ဦးတို့သည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ လုပ်ငန်းဆောင်ရွက်မှုများအား (၂၁-၁၂-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ရာ အဆိုပါ သင်တန်းသားများအား တာဝန်ရှိသူများမှ (EOC) လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။