လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စား လှယ် Ms.RenataLok-Dessallien မှ လာရောက် တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဒီဇင်ဘာလ (၂ဝ) ရက်နေ့၊ မွန်းလွဲ(၁:ဝ၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms.RenataLok-Dessallien လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ပေးအပ်နေမှုအခြေအနေများ၊လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေဖော်ထုတ် ပေးနိုင်ရေးဆောင်ရွက်ပေးနေမှုကိစ္စရပ်များ၊ ရခိုင် ပြည်နယ်ရှိနောက်ဆုံး အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events