Author Archives: RRD

  • မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ကျဦးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျဦးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ လက်ကမ်းစာစောင်များ ပါဝင်သည့် DAN application အကြောင်း ရှင်းလင်းပြောကြားပြီး DAN Application ကို ဟောပြောပွဲတက်ရောက်သူုများထံ ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၀၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • အင်ဒိုနီးရှားနိုင်ငံအစိုးရက လှူဒါန်းသည့်လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပမှုသတင်း

           အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအစိုးရက နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒနှင့်အညီ လူသားချင်းစာနာ ထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပါသည်၊ ရှေးဦးစွာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မဒမ်ရပ်နိုးအယ်(လ်)ပီမာဆူဒီ က လှူဒါန်းရသော အကြောင်းရင်းကို ရှင်းလင်း‌ ြေပာကြားြပီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့က ကျေးဇူးတင်စကားအသီးသီး‌ြေပာကြားကြပါသည်။ ထို့နောက်လှူဒါန်းပစ္စည်းများနှင့်ပတ်သက်သော လက်ခံလွှဲ‌ြေပာင်းမှတ်တမ်းများတွင် ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် … Read more

  • ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအာ စိစစ်ကြည့်ရှုရန်နှင့် ထောက်ပံ့မှုပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ဌာနဆိုင်ရာများ၊ UN, INGOs အဖွဲ့အစည်းများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ  စခန်း (၄) ခု (မိုင်းနားအာရ်စီ၊ မဒိန်၊ သာဂရသရက်တော၊ လီဆူးနှစ်ခြင်း) ရှိ ထပ်မံ ရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)၊ လူဦးရေ (၁၂၄)  ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

  • ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင်  အောင်ပန်းမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စု ဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Sticker … Read more

  • ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် … Read more

Sign Up

Upcoming Events