ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ IDPs ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအာ စိစစ်ကြည့်ရှုရန်နှင့် ထောက်ပံ့မှုပြုရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ဌာနဆိုင်ရာများ၊ UN, INGOs အဖွဲ့အစည်းများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ  စခန်း (၄) ခု (မိုင်းနားအာရ်စီ၊ မဒိန်၊ သာဂရသရက်တော၊ လီဆူးနှစ်ခြင်း) ရှိ ထပ်မံ ရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)၊ လူဦးရေ (၁၂၄)  ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၈) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ (၃) ရက်စာဖိုး (၁၁၁၆၀၀ိ/-) အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events