ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ဖုန်းဆိုင်များတွင် DAN Moblie Application နှင့် KOBO Application ကို သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင် များထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Sticker များအား ရှင်းလင်းပြောကြားခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events