ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

23_pic01 23_pic02
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရပ်ရွာအ‌ခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို (၂၀-၁-၂၀၁၇) ရက်နေ့မှ (၂၂-၁-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် သင်တန်းကာလ (၃) ရက်ကြာမြင့်ခဲ့ကာ သင်တန်းသား/သူ (၃၀) ဦးဖြင့် အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး) က သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events