အင်ဒိုနီးရှားနိုင်ငံအစိုးရက လှူဒါန်းသည့်လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပမှုသတင်း

       အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအစိုးရက နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒနှင့်အညီ လူသားချင်းစာနာ ထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပါသည်၊

ရှေးဦးစွာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မဒမ်ရပ်နိုးအယ်(လ်)ပီမာဆူဒီ က လှူဒါန်းရသော အကြောင်းရင်းကို ရှင်းလင်း‌ ြေပာကြားြပီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့က ကျေးဇူးတင်စကားအသီးသီး‌ြေပာကြားကြပါသည်။

ထို့နောက်လှူဒါန်းပစ္စည်းများနှင့်ပတ်သက်သော လက်ခံလွှဲ‌ြေပာင်းမှတ်တမ်းများတွင် ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အင်ဒိုနီးရှား နိုင်ငံအစိုးရကိုယ်စား မဒမ်ရပ်နိုးအယ်(လ်)ပီမာဆူဒီတို့က လက်မှတ်ရေးထိုးကြပြီး အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။

အဆိုပါ လှူဒါန်းပစ္စည်းများမှာ အဝတ်အထည် (၁၀၀၀၀)၊ ခေါက်ဆွဲ‌ြေခာက်ထုပ် (၁၅၀၀)ဖါ၊ ကလေးအစားအစာ (၁၀၅၀)သေတ္တာ၊ ဂျုံ(၉၂၀)အိတ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဧည့်သည်တော်များ လိုက်ပါလျက် စစ်တွေမြို့နယ် လက်မ‌ြေခကျေးရွာနှင့် သက္ကယ်ပြင်ရွာမ ကျေးရွာတို့တွင် အင်ဒိုနီးရှားနိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော PKPU အဖွဲ့မှ လှူဒါန်းသေ မူလတန်းစာသင်ကျောင်း(၂)ကျောင်း လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး မင်းဂံရပ်ကွက်ရှိ ရခိုင်ပြည်နယ် အေဘီစီဖောင်ဒေးရှင်းမှ တည်ထောင်ထားသော ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဌာနသို့ သွားရောက်ကြည့်ရှုလေ့လာပြီး ကလေးငယ်များအတွက် စားစရာမုန့်နှင့် အလှူငွေများကို ပေးအပ်ကာ ရင်းရင်းနှှီးနှီးတွေ့ဆုံ အားပေးစကား‌ြေပာကြားခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events