(၂၁-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျွန်းတိုင်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ခြေ (၂) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၀၀ိ/-)၊ အိမ်ခြေ (၁) လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းစီဖြင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂) စုစာအား (၂၂-၁-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)