Author Archives: RRD
-
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၈-၈-၂၀၁၅) ရက်နေ့နှင့် (၉-၈-၂၀၁၅) ရက်နေ့များတွင် ရရှိသောအလှူပစ္စည်းစာရင်း
မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် (၈-၈-၂၀၁၅) ရက်နေ့နှင့် (၉-၈-၂၀၁၅) ရက်နေ့များတွင် ရရှိသောအလှူပစ္စည်းစာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- အလှူပစ္စည်းစာရင်း
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၅၂၈၈,၁၂,၇၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ ထိုင်းဘတ် (၅၀၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၉-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ လှူဒါန်းငွေရရှိမှု မရှိပါ။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၉-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ်(၆၅,၆၆,၉၀၀/-)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၉-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ်(၁,၀၀,၀၀၀/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၅၂၈၈,၁၂,၇၅၀/-)နှင့် … Read more
-
(၂-၈-၂၀၁၅) ရက်နေ့မှ (၈-၈-၂၀၁၅) ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် အလှူပစ္စည်းလက်ခံရရှိမှုအခြေအနေသတင်း
မြန်မာနိုင်ငံအတွင်း ဇွန်၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များမှ အလှူပစ္စည်းများလက်ခံသည့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ အလှူပစ္စည်းများအား ရေဘေးသင့်ပြည်သူများထံသို့ ခွဲဝေထောက်ပံ့လျက်ရှိပါသည်။ ရေဘေးသင့်ပြည်သူများအတွက် (၂-၈-၂၀၁၅) ရက်နေ့မှ (၈-၈-၂၀၁၅) ရက်နေ့အထိ ပြည်တွင်း/ပြည်ပအလှူရှင်များမှ လှူဒါန်းသည့် လက်ခံရရှိသော အလှူပစ္စည်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- ပြည်တွင်း/ပြည်ပမှ လှူဒါန်းသည့် အလှူပစ္စည်းရရှိမှုစာရင်း
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ(၈) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၈) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယား
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ(၈-၈-၂၀၁၅)နေ့ တွင် နေပြည်တော်အလှူခံဌာန၌ လှူဒါန်းငွေကျပ်(၆၀၀,၀၀၀/-)ကို သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်နှင့် ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးတွင်လည်းစေတနာရှင်ပြည်သူများမှ(၈-၈-၂၀၁၅)ရက်နေ့တွင် အလှူငွေကျပ်(၃၁၄,၅၄,၅၀၀/-) ၊ ထိုင်းဘတ်(၁၀၀၀၀)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ(၂၉-၇-၂၀၁၅)ရက်နေ့မှ … Read more
-
မြန်မာနိုင်ငံရေဘေးသင့်ဒေသများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ ယာဉ်တန်း ဖြင့်ပေးပို့သော ထောက်ပံ့ရေးပစ္စည်းများပေးပို့လှူဒါန်းမှုသတင်း
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် (၁၄) စီးပါ ယာဉ်တန်းသည် မန္တလေးမြို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဗဟိုသိုလှောင်ရုံသို့ သြဂုတ်လ (၇) ရက်နေ့ ညနေ (၄) နာရီတွင် ရောက်ရှိ လာခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးဦးအောင်ဇံနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျံတို့က အမှာစကားပြောကြားခဲ့ပြီး ယူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူး Mr. Pu … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ(၇) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှု အခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ (၇) ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရေဘေးထောက်ပံ့မှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်သည်- ရေဘေးထောက်ပံ့မှုဇယား
-
(၇-၈-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၁:၀၀) နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပမှုသတင်း
၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါလှူဒါန်းပွဲတွင် ဥက္ကဌဦးအောင်ဇော်မြင့် (ရွှေဝါလင်းအင်တာနေရှင်နယ်) နှင့် ဇနီးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီးမြေး တစ်စုက ငွေကျပ်သိန်း (၃၀)၊ … Read more
-
(၂၉-၇-၂၀၁၅) ရက်နေ့မှ (၇-၈-၂၀၁၅) ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းသည့် အလှူငွေလက်ခံရရှိမှုအခြေအနေသတင်း
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၇-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ ငွေကျပ် (၅၈၆,၅၄,၇၀၀/-)၊ အမေရိကန်ဒေါ်လာ (၂၀၀၀) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ … Read more
-
အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိပြီးလုပ်ငန်းဆောင်ရွက်မှုများကြည့်ရှုစစ်ဆေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမှုသတင်း
အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယ သမ္မတဦးဉာဏ်ထွန်းသည် သြဂုတ်လ (၆)ရက် နံနက်(၁၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်လုပ်ငန်းဆောင် ရွက် နေသော အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ရောက်ရှိရာလိုအပ်သော နည်းပညာဆိုင်ရာ များပံ့ပိုးကူညီရန်ရောက်ရှိနေသော အာဆီယံ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordin- ation Centre for Humanitarian Assistance on Disaster Management – AHA Centre) မှ Mr. JanggamAdhityaawrama (Senior … Read more
