မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ(၈-၈-၂၀၁၅)နေ့ တွင် နေပြည်တော်အလှူခံဌာန၌ လှူဒါန်းငွေကျပ်(၆၀၀,၀၀၀/-)ကို သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်နှင့် ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။
အလားတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးတွင်လည်းစေတနာရှင်ပြည်သူများမှ(၈-၈-၂၀၁၅)ရက်နေ့တွင် အလှူငွေကျပ်(၃၁၄,၅၄,၅၀၀/-) ၊ ထိုင်းဘတ်(၁၀၀၀၀)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ(၂၉-၇-၂၀၁၅)ရက်နေ့မှ (၈-၈-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာကျပ်(၅၂၂၁,၄၅,၈၅၀/-)နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ထိုင်းဘတ်(၅၀၂၀၀)၊ မလေးရှားရင်းဂစ်(၂၀၀၀)တို့ဖြစ်ပါသည်။လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။