အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိပြီးလုပ်ငန်းဆောင်ရွက်မှုများကြည်‌့ရှုစစ်ဆေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမှုသတင်း

အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယ သမ္မတဦးဉာဏ်ထွန်းသည် သြဂုတ်လ (၆)ရက် နံနက်(၁၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်လုပ်ငန်းဆောင် ရွက် နေသော အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ရောက်ရှိရာလိုအပ်သော နည်းပညာဆိုင်ရာ များပံ့ပိုးကူညီရန်ရောက်ရှိနေသော အာဆီယံ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordin- ation Centre for Humanitarian Assistance on Disaster Management – AHA Centre) မှ Mr. JanggamAdhityaawrama (Senior Emergency Preparedness and Response Officer) ၊ Mr. AdiBishry (Information and Communication Technology Officer )၊ Mr. Yoran Lukas (Logistic Officer ) ၊ United States Forest Service မှ Mr. Don Price (EOC Advisor)၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးနှင့် မြန်မာသတင်းအချက် အလက်စီမံခန့်ခွဲမှုယူနစ်တို့မှ အပါအဝင် တာဝန်ထမ်းဆောင်နေသူများကလုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယသမ္မတကလိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်လမ်းညွှန်မှုများဆောင်ရွက်ပေး ခဲ့ပါသည်။

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသော ရေဘေးသင့် ပြည်သူများအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင် များအသင်းမှ လှူဒါန်းငွေကျပ်သိန်း (၁၅၀၀)ကိုလက်ခံရယူခဲ့ပါသည်။ အဆိုပါ လှူဒါန်း မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

Sign Up

Upcoming Events