၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါလှူဒါန်းပွဲတွင် ဥက္ကဌဦးအောင်ဇော်မြင့် (ရွှေဝါလင်းအင်တာနေရှင်နယ်) နှင့် ဇနီးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီးမြေး တစ်စုက ငွေကျပ်သိန်း (၃၀)၊ အောင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီက ငွေကျပ်သိန်း (၃၀)၊ ဦးသိန်းမောင်+ဒေါ်ပါးပါး ” စန္ဒီပရဆေး” ဆေးဝါးလုပ်ငန်းက (၂၅) သိန်း(၉) သောင်း၊ ဦးမောင်မောင်ဦး+ဒေါ်ရူခင် ဂရိတ်ဝေါမြန်မာ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု၊ ဦးထွန်းရွှေ+ဒေါ်သင်းသင်းဆွေ ထွန်းရွှေဝါ မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုနှင့် ဦးကြည်စိုး+ဒေါ်ဌေးဌေးရီ ကေသီပန်မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုတို့က ငွေကျပ် (၂၅) သိန်းစီ၊ ကိုအောင်အောင်+မအိသူ (အင်းဝဆေးတိုက်)နှင့် ဦးစိုးသိန်း+ဒေါက်တာခင်အုန်းရီ (မေမွန်ရတနာဆိုင်) ရန်ကုန်မြို့တို့က ကျပ်သိန်း (၂၀) စီ၊ ဦးထင်လင်း Excellent Unity ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဒေါက်တာဆရာမြင့်+ဒေါ်မေမြင့်သူဇာ စင်္ကြာမင်းဆေးတိုက်တို့က ငွေကျပ် (၁၀) သိန်းစီ၊ ဦးကျော်စိန်+ဒေါ်နန်းခမ်းဆာ ဖြူစင်မေတ္တာဆေးတိုက်၊ ဒေါက်တာဦးအုန်းမြင့် ရွှေမြန်မာ ဆေးတိုက်နှင့် ဦးမြင့်လွင်+ဒေါ်ခင်ခင်ထွေး ဂဠုန်ရာဇာဆေးတိုက်မိသားစုနှင့် ဦးဝင်းကြိုင် မိသားစု အမှတ်(၄၁)၊ ရွှေဘုံသာလမ်းတို့က ငွေကျပ် (၅) သိန်းစီ၊ ဒေါက်တာ သန်းဦး၊ ဒေါက်တာစန်းစန်းအေးနှင့် မောင်နှမတစ်စု၊ နေပြည်တော်မှ (၁) သိန်း၊ ဒေါက်တာအောင်လင်းအေး+ဒေါ်မြတ်ဆုသင်း မိသားစုမှ (၅) သောင်း၊ ဦးခင်မော်ဇော်+ ဒေါ်ဇင်ဝင်းမွန် High Light ရတနာဆိုင်မှ (၂) သိန်း၊ ဦးနေခြည်မောင်+ဒေါ်ဇင်မင်းမင်းသော် ရတနာဆိုင်နှင့် ဒေါ်ခင်ဇာနိုင် (Senior Programme Officer) UNFPA တို့မှ ငွေကျပ် (၁) သိန်းစီ၊ Save the Children (UK) မှ (၄၀) သိန်း၊ MAUK (Myanmar) မှ (၂၅) သိန်း၊ Help Age International (Myanmar) မှ (၂၀) သိန်း၊ Oxfam၊ Good Neighbors International၊ The Leprosy Mission International (TLMI) နှင့် Pact in Myanmar တို့မှ ငွေကျပ် (၁၀) သိန်းစီ၊ Japan Heart နှင့် New Humanity Myanmar တို့က ငွေကျပ် (၅) သိန်းစီ၊ စုစုပေါင်းကျပ်သိန်းပေါင်း (၃၈၁.၄) သိန်းနှင့် ADRAMyanmar မှ အမေရိကန်ဒေါ်လာ (၂၀၀၀)၊
ဦးဝင်းမောင်+ဒေါ်ယဉ်ယဉ်မြင့် အောင်တမန်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမိသားစုမှ (၇.၅) သိန်းခန့်တန်ဘိုးရှိသော ကွမ်းရွက်ပုံအခိုးပွင့်ဆေးများ၊ ဦးလှဌေး+ဒေါ်တင်နွယ်ဦး မှန်ချိုမြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုမှ (၆) သိန်းခန့်တန်ဘိုးရှိသော ဆေးဝါးတို့ကို လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။