မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၅၂၈၈,၁၂,၇၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ ထိုင်းဘတ် (၅၀၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၉-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ လှူဒါန်းငွေရရှိမှု မရှိပါ။

အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၉-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ်(၆၅,၆၆,၉၀၀/-)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၉-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ်(၁,၀၀,၀၀၀/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၅၂၈၈,၁၂,၇၅၀/-)နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ ထိုင်းဘတ် (၅၀၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) တို့ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါသည်။

အလှူငွေလက်ခံရရှိမှုအသေးစိတ်ကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events