(၂၉-၇-၂၀၁၅) ရက်နေ့မှ (၇-၈-၂၀၁၅) ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းသည့် အလှူငွေလက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၇-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ ငွေကျပ် (၅၈၆,၅၄,၇၀၀/-)၊ အမေရိကန်ဒေါ်လာ (၂၀၀၀) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။

အလားတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၇-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ် (၁၀၃,၆၄,၅၀၀/-) ၊ အမေရိကန်ဒေါ်လာ (၁၆၃၀)၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်အလှူငွေကျပ် (၄,၂၁,၂၅၀/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၇-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၄၈၇၃,၉၁,၃၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ ထိုင်းဘတ်(၄၀၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) တို့ဖြစ်ပါသည်။ အလှူငွေနှင့်အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

(၂၉-၈-၂၀၁၅) ရက်နေ့မှ (၇-၈-၂၀၁၅) ရက်နေ့အထိ လက်ခံရရှိသော အလှူငွေစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events