Author Archives: RRD

  • DAN Mobile Application & KOBO Mobile Application အားပြန်လည်ဖြန့်ဝေပေးမှုသတင်း

      Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၇) ရက်နေ့ (၁၁:၂၀) နာရီအချိန်တွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး DAN Mobile Application နှင့် သဘာဝဘေးဖြစ်ပွားလျှင် စစ်တမ်းကောက်ယူမှု KOBO MobileApplication များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ Mobile Phone ထဲတွင် ထည့်ပေး၍ အသုံးပြုပုံးများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားအား လူဦးရေ (၇၀) ခန့် တက်ရောက်ခဲ့ကြောင်း … Read more

  • ပျဉ်းမနားဘိုးဘွားရိပ်သာတွင် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်မှုသတင်း

      နေပြည်တော်၊ ဇန်နဝါရီ (၁) လူ့ဘဝတစ်လျှောက်လုံးအတွက် မွေးစမှသည် သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် သက်ကြီးရွယ်အိုများအတွက်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပေါ်ထွက်လာမည်ဖြစ်ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေကိုလည်း ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာ (၈၁) ခုကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု၍ ငွေကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်ခြင်းနည်းပညာများကို ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးစံပြဂေဟာတစ်ခုကိုလည်း … Read more

  • အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)သင်တန်းသူများအားတွေ့ဆုံခြင်းနှင့်  New Light Foundationကတည်ထောင်ထားသော New World Therapeutic Training Center တွင် မသန်စွမ်းပြုစုစောင့်ရှောက်ရေးဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် မသန်စွမ်းဆိုင်ရာသုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

      ရန်ကုန်၊ ဒီဇင်ဘာ (၃၁) “အခြေခံလူ့အခွင့်အရေးဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သောလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းဖြစ်ရပ်ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီးရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြံုစွာဖွံ့ဖြိုးတိုးတက်ရေး” ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသင်တန်းကျောင်းမှ သင်တန်းသူများကိုမိမိတို့ဘဝမိမိတို့ကိုယ်တိုင်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များရရှိသွားပြီးလူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်သည့် အခြေအနေရောက်အောင် လေ့ကျင့်ပြုစုစောင့်ရှောက်ပေးစေလိုကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်းမှ သင်တန်းဆရာမများအားမှာကြားပြီးအစောင့်ရှောက်ခံသင်တန်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ လိုအပ်မှုတင်ပြချက်များကိုဆွေးနွေးဖြေရှင်းပေးခဲ့ပါသည်။ ထို့်နောက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဒဂုံမြို့နယ်ရှိ New Light Foundationကတည်ထောင်ထားသောNew World Therapeutic Training Centerတွင် မသန်စွမ်းကလေးငယ်များ၊ သင်တန်းကျောင်းဆရာ/ဆရာမများ၊ မိဘများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မသန်စွမ်းအဖွဲ့များပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရန် … Read more

  • DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း

    Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးချက်များ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက် အလက်ကောက်ယူရေးအတွက် DAN & KOBO  Mobileapplication ထည့်သွင်းနိုင်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။  

  • DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း

    Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ နံနက် (၁၀) နာရီအချိန်တွင် မော်လိုက်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ရပ်/ကျေး စာရေးများနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် DAN app နှင့် KoBocollect  app အသုံးပြုပုံ အကြောင်းများကိုဟောပြောဆွေးနွေးခဲ့ပြီး ၄င်း app များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း

    Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  မှ တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်ရပ်/ကျေးအစည်းအဝေးတွင် (၃၀-၁၂-၂၀၁၆) ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိနိုင်စေရန် DAN Mobile Application နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပမှုသတင်း

    Source: MSWRR နေပြည်တော်၊ ဒီဇင်ဘာ (၃၀) ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကိုမူဝါဒသစ်များချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိုဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်း လုံခြုံစွာလက်တွဲနေထိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာ စေရေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေးကိုအဓိကဖော်ဆောင်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကိုထည့်သွင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုရရှိဖို့ အထောက်အကူ ဖြစ်စေကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြု လုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနို်င်စွမ်းရှိသော အမျိုးသမီးများညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု … Read more

  • DAN Mobile Application ဖြန့်ဝေခြင်းဆောင်ရွက်နေမှုသတင်း

    Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ ဖုန်းအရောင်းဆိုင်များတွင် (၃၀-၁၂-၂၀၁၆) ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိနိုင်စေရန် DAN Mobile Application  ကို ဖုန်း Software လာ‌ရောက်သွင်းသူများထံသို့ဖြန့်ဝေပေးစေခြင်း၊ ထည့်သွင်းအသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊  ကြော်ငြာစာစောင်များကို ဖုန်းအရောင်းဆိုင်များတွင် ကြော်ငြာကပ်ဖြန့်ဝေခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေး သင်တန်းပူးပေါင်းဆောင်ရွက်မှုသတင်း

      Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း-FREDA နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးအသိပညာပေးသင်တန်းအား တိုးကျေးရွာ အထကခွဲ၌ (၂၆-၁၂-၂၀၁၆) ရက်မှ (၂၉-၁၂-၂၀၁၆) ရက်နေ့ထိ အောင်မြင်စွာပူးပေါင်းဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ ဒေးဒရဲမြို့နယ် တိုးကျေးရွာအုပ်စုအတွင်းရှိ လူငယ် (၂ဝ) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းအပေါ်လိုက်လျောညီထွေပြုပြင် နေထိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  

Sign Up

Upcoming Events