Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၇) ရက်နေ့ (၁၁:၂၀) နာရီအချိန်တွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး DAN Mobile Application နှင့် သဘာဝဘေးဖြစ်ပွားလျှင် စစ်တမ်းကောက်ယူမှု KOBO MobileApplication များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ Mobile Phone ထဲတွင် ထည့်ပေး၍ အသုံးပြုပုံးများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားအား လူဦးရေ (၇၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။