Author Archives: RRD

  • မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများအား သွားရောက်ကြည့်ရှု့နေမှုသတင်း

    (၃၀-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆည်ကြီးကျေးရွာတွင် အိမ်ခြေ (၂) လုံးပြိုကျပျက်စီးပြီး၊ အိမ်ခြေ (၂၀၀) အမိုးလန်၊ ညောင်ကိုင်းပိ၍ အိမ်ခြေ (၁၂) အိမ်ပြိုကျပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးချုပ်၊ ညွှန်ကြားရေးမှူး ဦးစီးသောအဖွဲ့သည်  လေဘေးသင့်ဒေသများသို့သွားရောက်၍ ထိခိုက်ပျက်စီးမှုနှင့် ကနဦးလိုအပ်ချက် ဆန်းစစ်မှုများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့များနှင့်ပူးပေါင်း၍  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကျေးရွာအုပ်စု (၃)စုရှိလေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်မှုသတင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် (၂၉-၄-၂၀၁၆) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာ၌ အိမ်ခြေ (၃) လုံးအမိုးဒိုင်းမြှား၊ သွပ်များလန်ထွက်ခဲ့ခြင်း၊ ကျောက်တစ်လုံးကျောင်းအုပ်စု၊ ရွာမ၊ ရွာသစ်၊ ကနစိုကျေးရွာများ၌ အိမ်ခြေ (၁၈) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်း အမိုးဒိုင်းမြှား၊ သွပ်များ လန်ထွက်ခဲ့ခြင်းနှင့် ပေသုံးမြှောင်ကျေးရွာတွင် ဆွမ်းစားကျောင်းဆောင် (၁)ဆောင် အမိုးဒိုင်းမြှား၊ သွပ်များလန် ထွက်ခဲ့ခြင်းတို့ဖြစ်ပွားခဲ့ပါသည်၊၊ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more

Sign Up

Upcoming Events