လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ထွေအုပ်အဖွဲ့တို့ပူးပေါင်း၍ (၁-၅-၂၀၁၆) ရက်နေ့တွင် မြောင်းမြမြို့၊ ကံသာကုန်းရွာနှင့် ကုန်းကလေးရွာအတွင်းရှိ ပြည်သူများထံသို့ သောက်သုံးရေဂါလံ (၁၁၀၀) အား သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။