လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ချောင်းဝကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်ရေ (ရေသန့်) (၁၀၀) ပုံးနှင့် သုံးရေ (တွင်းရေ) (၁၁၂) ပုံးတို့ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။