ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကျေးရွာအုပ်စု (၃)စုရှိလေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်မှုသတင်း

laway2 laway 1ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် (၂၉-၄-၂၀၁၆) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာ၌ အိမ်ခြေ (၃) လုံးအမိုးဒိုင်းမြှား၊ သွပ်များလန်ထွက်ခဲ့ခြင်း၊ ကျောက်တစ်လုံးကျောင်းအုပ်စု၊ ရွာမ၊ ရွာသစ်၊ ကနစိုကျေးရွာများ၌ အိမ်ခြေ (၁၈) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်း အမိုးဒိုင်းမြှား၊ သွပ်များ လန်ထွက်ခဲ့ခြင်းနှင့် ပေသုံးမြှောင်ကျေးရွာတွင် ဆွမ်းစားကျောင်းဆောင် (၁)ဆောင် အမိုးဒိုင်းမြှား၊ သွပ်များလန် ထွက်ခဲ့ခြင်းတို့ဖြစ်ပွားခဲ့ပါသည်၊၊ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ဘေးဖြစ်ရာဒေသများသို့သွား ရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events