ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် (၉-၄-၂၀၁၆) ရက်နေ့၌ လေဘေးကြောင့် ဘေးဒုက္ခခံစားရသောပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၆) ရက်နေ့တွင် ပြိုကျပျက်စီး ၇၄ လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး နှင့် အမိုးလန်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး ၅၁၀ လုံးစာ၊ နှင့် သင်္ကန်း ၅ စုံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထပ်မံ၍ (၃၀-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူ (၂၀၀၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၈၀၇၂၀၀/-)နှင့် လုံးဝပျက်စီး အိမ်ခြေ (၇၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၇၀၀၀၀၀/-) အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။