(၃၀-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆည်ကြီးကျေးရွာတွင် အိမ်ခြေ (၂) လုံးပြိုကျပျက်စီးပြီး၊ အိမ်ခြေ (၂၀၀) အမိုးလန်၊ ညောင်ကိုင်းပိ၍ အိမ်ခြေ (၁၂) အိမ်ပြိုကျပျက်စီးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးချုပ်၊ ညွှန်ကြားရေးမှူး ဦးစီးသောအဖွဲ့သည် လေဘေးသင့်ဒေသများသို့သွားရောက်၍ ထိခိုက်ပျက်စီးမှုနှင့် ကနဦးလိုအပ်ချက် ဆန်းစစ်မှုများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့များနှင့်ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။