ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ထမ်မကောက်အုပ်စု၊ တီတွတ်စံပြကျေးရွာ၌ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးမှု သတင်း

၂၉-၄-၂၀၁၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ထမ်မကောက်အုပ်စု၊ တီတွတ်စံပြကျေးရွာ၌ လေဘေးကြောင့် နေအိမ် (၅) လုံးပြိုကျပြီး၊ (၁၄) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events