Author Archives: RRD

  • လေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင်‌့အတူ (၁၆-၅-၂၀၁၆)နေ့ မွန်းလွှဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာသို့ရောက်ရှိပြီး (၁၅-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကနဦးရရှိသည့်သတင်းအရ မြို့နယ်အတွင်းရှိပြိုကျ နေအိမ် (၇၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)လုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် (၁၅၇)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသင့်စားခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် ကစားစရာအရုပ်များအားလည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေအား … Read more

  • သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျာလမ်းရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း

    (၁၆-၅-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး ပျဉ်ကယနေအိမ် (၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၃) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၀၀၀၀၀) အားလည်းကောင်း၊ ဆန်ရိက္ခာဘိုးငွေကျပ် (၂၀၇၀၀) အား လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၆) စုစာ၊ ပစ္စည်း (၂၂) မျိုးပါ … Read more

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ရေထောက်ပံ့မှုသတင်း

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တုံးဗျောကျေးရွာအုပ်၊ ချောင်းဝပြင်ကျေးရွာတွင် အိမ်ခြေ (၉၇)အိမ်၊ အိမ်ထောင်စု (၁ဝ၇) စု၊ လူဦးရေ (၅၆၁)ဦး၊ ဘုရားကုန်းကျေးရွာတွင် အိမ်ခြေ (၁၆၈)အိမ်၊ အိမ်ထောင်စု (၁၈၁)စု၊ လူဦးရေ (၁၀၀၈) ဦး၊ တုံးဗျောငယ်ရွာတွင် အိမ်ခြေ (၁၅၅)အိမ်၊ အိမ်ထောင်စု (၁၅၆)စု၊ လူဦးရေ (၁၀၃၉)ဦး နှင့် မဇောကျေးရွာအုပ်စု၊ လက်မဲကျေးရွာတွင် အိမ်ခြေ (၅၇) အိမ်၊ အိမ်ထောင်စု (၆၀)စု လူဦးရေ (၃၃၆)ဦး၊ စုစုပေါင်းအိမ်ခြေ (၄၇၇)အိမ်၊ စုစုပေါင်းအိမ်ထောင်စု (၅၀၄)စု … Read more

  • ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လေဘေးထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ် တနိုင်းမြို့ဒူးကောင်းရပ်ကွက်နှင့် ကင်ဆားရာရပ်ကွက်တို့တွင် (၁၃-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ကြရသော ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား (၁၅-၅-၂၀၁၆)ရက်နေ့ (၀၈ဝ၀)နာရီအချိန်တွင် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်စန္ဒာလှိုင်မှ ကယ်ဆယ်ရေးထောက်ပံ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ (၄) လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၅၁) လုံး၊ ဘေးသင့်အိမ်ခြေ (၅၅) စု၊ လူဦးရေ (၂၇၂) ဦးတို့ အတွက် ကယ်ဆယ်ရေးနှင့် … Read more

Sign Up

Upcoming Events