(၁၆-၅-၂၀၁၆ ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာသို့ ဂါလံ (၄၀၀) ဆံ့ဖိုက်ဘာရေလှောင်ကန်(၁)လုံးနှင့် သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆ ) ရက်နေ့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာ ရှိနေအိမ်(၁၈၀)လုံး၊ လူဦးရေ(၆၀၀)ခန့်အတွက် ဖိုက်ဘာရေလှောင်ကန် (၄×၄×၄)ပေ တန်ဖိုး(၃၇၀၀၀၀/)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၈)ဂါလံဆံ့ ရေပုံးကြီး(၁၅၀)ပုံးဖြင့် ရေဂါလံ(၁၂၀၀)၊ ဖိုက်ဘာရေလှောင်ကန် ရေဂါလံ(၄၀၀)၊ စုစုပေါင်းရေဂါလံ(၁၆၀၀)အားဖြန့်ဝေပေးခဲ့ပါကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events