တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ရေထောက်ပံ့မှုသတင်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တုံးဗျောကျေးရွာအုပ်၊ ချောင်းဝပြင်ကျေးရွာတွင် အိမ်ခြေ (၉၇)အိမ်၊ အိမ်ထောင်စု (၁ဝ၇) စု၊ လူဦးရေ (၅၆၁)ဦး၊ ဘုရားကုန်းကျေးရွာတွင် အိမ်ခြေ (၁၆၈)အိမ်၊ အိမ်ထောင်စု (၁၈၁)စု၊ လူဦးရေ (၁၀၀၈) ဦး၊ တုံးဗျောငယ်ရွာတွင် အိမ်ခြေ (၁၅၅)အိမ်၊ အိမ်ထောင်စု (၁၅၆)စု၊ လူဦးရေ (၁၀၃၉)ဦး နှင့် မဇောကျေးရွာအုပ်စု၊ လက်မဲကျေးရွာတွင် အိမ်ခြေ (၅၇) အိမ်၊ အိမ်ထောင်စု (၆၀)စု လူဦးရေ (၃၃၆)ဦး၊ စုစုပေါင်းအိမ်ခြေ (၄၇၇)အိမ်၊ စုစုပေါင်းအိမ်ထောင်စု (၅၀၄)စု နှင့် စုစုပေါင်းလူဦးရေ (၂၉၄၄)ဦးတို့အတွက် သောက်ရေဂါလံ ၁၂၀၀ ဆံ့ ကား(၆)စီးဖြင့် စုစုပေါင်းသောက်ရေဂါလံ (၇၂၀၀) အား ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများမှ (၁၅-၅-၂၀၁၆)ရက်နေ့တွင် ဖြန့်ဝေခဲ့ပါသည်။

Sign Up

Upcoming Events