ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၆)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ခြံတန်းကျေးရွာ၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓနိမိုး၊ ထရံကာနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀/-)ကျပ်နှင့်ဘေးသင့်လူဦးရေ(၃)ဦးအတွက်(၃)ရက်စာ(၂၇၀၀/-)ကျပ်၊စုစုပေါင်း (၅၂၇၀၀/-)ကျပ်တို့အားဘေးဖြစ်ပွားသည့်နေရာအရောက်(၁၆-၅-၂၀၁၆)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။