(၁၆-၅-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး ပျဉ်ကယနေအိမ် (၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၃) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၀၀၀၀၀) အားလည်းကောင်း၊ ဆန်ရိက္ခာဘိုးငွေကျပ် (၂၀၇၀၀) အား လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၆) စုစာ၊ ပစ္စည်း (၂၂) မျိုးပါ Care Family Kit အိမ်ထောင်စု (၆) စုစာ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ စားသုံးဆီနှင့် (၂၀) လီတာရေဘူးများအား လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းနှင့် အောင်ဇေယျာလမ်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပါကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)