ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လေဘေးထောက်ပံ့မှုသတင်း

ကချင်ပြည်နယ် တနိုင်းမြို့ဒူးကောင်းရပ်ကွက်နှင့် ကင်ဆားရာရပ်ကွက်တို့တွင် (၁၃-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ကြရသော ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား (၁၅-၅-၂၀၁၆)ရက်နေ့ (၀၈ဝ၀)နာရီအချိန်တွင် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်စန္ဒာလှိုင်မှ ကယ်ဆယ်ရေးထောက်ပံ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ (၄) လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၅၁) လုံး၊ ဘေးသင့်အိမ်ခြေ (၅၅) စု၊ လူဦးရေ (၂၇၂) ဦးတို့ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်း (၆) မျိုးပါ Family Kit (၅၅)စုံ၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် (၁,၄၆၄,၈၀၀/-)၊ ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် လှူဖွယ်ခြင်း (၂) ခြင်း၊ သင်္ကန်း (၂၀) စုံ၊ ဆန် (၁) အိတ်နှင်‌့ (၅) ပြည်၊ ဆီ (၁) ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)မှ ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀၀/-)ပေးအပ်ခဲ့ပါသည်။ ၄င်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးသင့်ပြည်သူများ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events