ကံမမြို့ နယ် ၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာ မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့်နေအိမ် ဖျက်သိမ်းခဲ့မှုအတွက် ထောက်ပံ့ပြီးစီးခြင်းသတင်း

1+4

ကံမမြို့ နယ် ၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာတွင် (၂၄.၇.၂၀၁၈)ရက်နေ့၊ (၀၈:၁၅)နာရီအချိန်၌ မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း(၆)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၂,၆၀၀/-နှင့် နေအိမ်(၂)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၂၀၀,၀၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၂၁၂,၆၀၀/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့အား (၂၅-၇-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သမ္ဘရာကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source : သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events