လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု

20 Pic 06 20 Pic 05

(၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ လေဘေး၌ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်အိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၁၇၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၈၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၂,၇၀၀/-)ကျပ် အပါအဝင် စုစုပေါင်းထောက်ပံ့ငွေ(၉၅၂,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source :  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events