ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ(၁၀:၄၅)နာရီအထိ ကောလင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဇာတိမာန်ခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ၊ ရေကြီးခြင်းများ၊ ငလျင်လှုပ်ခြင်းများအတွက် ဆောင်ရန် ရှောင်ရန်များနှင့် ဘေးကင်းစွာနေထိုင်နည်း၊ ထောက်ပံမှု နှုန်းထားများကိုလည်း ဆွေးနွေးရှင်းလင်းတင်ပြခြင်းနှင့် သဘာဝဘေးအသိပညာပေးစာစောင်များ ဖြန့်ဝေခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ စုစုပေါင်း အင်အား (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)