လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ထိခိုက်ခံရသူများအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်တို့မှ လေဘေးသင့်ပြည်သူများထံသွားရောက်၍ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အိမ်အမိုးလန်(၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၅,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၉၁,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၆၆,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များအား ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)