Author Archives: Aye Kyimann
-
မင်းကင်းမြို့နယ်အတွင်း ချင်းတွင်မြစ်ရေကြီးမှု သတိပေးချက်လုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီ အသင်းတို့နှင့် ပူးပေါင်း၍ (၂၀-၈-၂၀၂၀) ရက်နေ့တွင် မင်းကင်း မြို့နယ်အတွင်း ချင်းတွင်မြစ်ရေကြီးမှု သတိပေးချက်များ နှိုးဆော်ကြေငြာမှုလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar_fld #sgg_aug2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ်၊ သင်္ဘောကျေးရွာတွင် ကမ်းပါးပြိုကျမှု ကြောင့် နေအိမ်ရွှေ့ပြောင်း အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/-) ကျပ်တိတိ ကို (၂၀-၈ -၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာအုပ်စု၊ ကျွန်းရွာကျေးရွာနှင့် ကဒါကျေးရွာတို့တွင် COVID-19 ရောဂါကူးစက် ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀)ရက်နေ့ နံနက် (၀၆:၀၀)နာရီမှစ၍တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီ ရေးအသင်း ပရဟိတအဖွဲ့တို့နှင့်ပူးပေါင်း၍ ကုန်စိမ်းဈး၊ တောရကျောင်းဈေး၊ စစ်တပ်ဈေး၊ တင်ပြင်ဈေး၊ ပါရမီဈေး၊ မြို့သစ်ဈေး တို့တွင် COVID 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက်အလက်များ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ (ရွှေဖလား ကျွန်း၊ ပြည်တော်သာ) ကျေးရွာနှင့် တောကျောင်းကျေးရွာအုပ်စု၊ တောကျောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၁၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၁၉၀၀/-)ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ … Read more
-
ဒဏ်ရာရလူနာများအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့ (၀၇:၁၄)နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားရဲစခန်းရှေ့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ညောင်ပင်လဲကျကာ ဒဏ်ရာရရှိသူ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝ/-)ကျပ်နှုန်းဖြင့် (၁၀၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)နေ့ (၁၅:၀၀)နာရီအချိန်၌ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_aug2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့၌ ရွှေကူမြို့နယ်၊ တောပုန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၁)စု၊ လူဦးရေ(၄) ဦးတို့အား (၁၉-၈-၂၀၂၀)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်ထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_aug2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-) ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းကျေးရွာ၊ ရွာမကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၃)စု၊ လူဦးရေ(၆၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၃၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၁၃၈၆၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၄၃၈၆၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့၊ အုပ်ချုပ် ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၁၂၆၀၀/-)၊ သာသနိကအဆောက်အဦ(၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၂၆၀၀/-) နှင့် ဒေါင့်ကြီးအုပ်စု၊ ဈေးကလေးကျေးရွာတွင် (၁၈-၈-၂၀၂၀)ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၅၀၀၀၀၀/-)၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၃၇၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၃၇၈၀၀/-)တို့ကို (၁၉-၈-၂၀၂၀) ရက် နေ့ … Read more
