လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-) ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)