ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ရွှေ့​ပြောင်းရ​သော အိမ်​​ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ်(၁၂၆၀၀/-)၊ သာသနိကအဆောက်အဦ(၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၂၆၀၀/-) နှင့် ဒေါင့်ကြီးအုပ်စု၊ ဈေးကလေးကျေးရွာတွင် (၁၈-၈-၂၀၂၀)ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၅၀၀၀၀၀/-)၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၃၇၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၃၇၈၀၀/-)တို့ကို (၁၉-၈-၂၀၂၀) ရက် နေ့ (၁၁:၅၀)နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2020

Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events