လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ်၊ သင်္ဘောကျေးရွာတွင် ကမ်းပါးပြိုကျမှု ကြောင့် နေအိမ်ရွှေ့ပြောင်း အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/-) ကျပ်တိတိ ကို (၂၀-၈ -၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_aug2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)