လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့ (၀၇:၁၄)နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားရဲစခန်းရှေ့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ညောင်ပင်လဲကျကာ ဒဏ်ရာရရှိသူ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝ/-)ကျပ်နှုန်းဖြင့် (၁၀၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)နေ့ (၁၅:၀၀)နာရီအချိန်၌ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_aug2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)