လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာအုပ်စု၊ ကျွန်းရွာကျေးရွာနှင့် ကဒါကျေးရွာတို့တွင် COVID-19 ရောဂါကူးစက် ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_aug2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)