လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀)ရက်နေ့ နံနက် (၀၆:၀၀)နာရီမှစ၍တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီ ရေးအသင်း ပရဟိတအဖွဲ့တို့နှင့်ပူးပေါင်း၍ ကုန်စိမ်းဈး၊ တောရကျောင်းဈေး၊ စစ်တပ်ဈေး၊ တင်ပြင်ဈေး၊ ပါရမီဈေး၊ မြို့သစ်ဈေး တို့တွင် COVID 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက်အလက်များ သဘာဝဘေးအသိပညာပေးခြင်းအား ဆောင်ရွက်ပြီး သဘာဝဘေးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_aug2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)