Author Archives: Aye Kyimann

  • ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာတွင် (၂၂-၂-၂၀၁၇) ရက်နေ့ တွင် အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းထားခဲ့သဖြင့် စောင်ပေါ်သို့ ခြင်ဆေးခွေလဲကျရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေး သင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၁) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား မြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၃-၂-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ၏ … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၂၂-၂-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးမြင့်စိုးနှင့် ပွင့်ဖြူမြို့ နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းများမှ (၃၅) ဦးနှင့် သင်တန်းသား (၃၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “ခရိုင်/မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို (၂၁-၂-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင် ထွေ/အုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး  ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး ဖျာပုံ (ကဆရ) ဦးစီးမှူးမှ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရေမြင်းလေးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက် မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် … Read more

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဘိုကလေးမြို့နယ်၊ ကဒုံကနိ ကျေးရွာ၌ ပြုလုပ်သည့်  “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း”(ဒုတိယနေ့) ကို (၁၄-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုခဲ့ရာ အဆိုပါ သင်တန်းတွင် သင်ခန်းစာများဆွေးနွေးပို့ချခြင်း၊ ကြိုတင် သတိပေးစနစ်အား သရုပ်ပြ လေ့ကျင့်ခြင်းနှင့် ဘေးဖြစ်နိုင်ခြေများ သည့် နေရာများအား ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events